Mobile Application Training ကို မြန်မာနိုင်ငံအနှံ့မှ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအယောက် (၉၀) ဦး တက်ရောက်နေပြီး တစ်ဖွဲ့လျှင် ကျောင်းသားကျောင်းသူ (၃) ဦး ဖြင့် အဖွဲ့ပေါင်း (၃၀) ဖွဲ့စည်းကာ လေ့လာသင်ကြားနေကြခြင်းဖြစ်သည်။ သင်တန်းတွင် အဓိကအားဖြင့် Introduction Android Build Tools, Android Layout, Android Control, Android Fragments, UI/UX for Android app, Database & SQL, Android Room, Retrofit, RxJava, Understanding MVC, MVP, MVVM on Android စသည့်အကြောင်းအရာများကို မျှဝေပို့ချပေးလျှက်ရှိသည်။
သင်တန်း၏ အစီအစဉ်တစ်ရပ်အဖြစ် Soft Skill Training (Knowledge Sharing Session) ကို အောက်တိုဘာလ (၁၉) ရက်နေ့ တွင်ပြုလုပ်ခဲ့ပြီး CAPPS Solutions Myanmar PTE. Ltd ၏ Managing Director ဖြစ်သူ Mr Sean Chew နှင့် mVoter 2017 application ကို တီထွင်ရေးဆွဲခဲ့သူ ကိုမြတ်မင်းစိုးတို့က ကျောင်းသားကျောင်းသူများအား သိရှိမှတ်သားထားသင့်သည့် ဗဟုသုတနှင့် အကြောင်းအရာများအား မျှဝေပေးခဲ့သည်။
#SamsungMyanmar
#SamsungTechInstitute
#MobileApplicationTraining2018
#YouthEmpowerment
#BetterMyanmarတ